(၂၆ -၂ -၂၀၂၀) ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊
မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်( ၁၉-၂-၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်စမုံ(၁၀၀၀၀/-)၊ဂွနက် (၁၀၀၀၀/) ၊ နှမ်းဖြူ(၇၀၀၀/-)(၃၀၀၀/-) ၊နှမ်းဖြူ-ရေသွင်း(၄၀၀၀/-)(၆၀၀၀/-) ၊ နှမ်းညိုကြား (၂၀၀၀/-) ကျပ် စျေးတက်ပြီး နှမ်းနီ(၂၀၀၀/-) စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၁၁၅၀ မှ ၁၅၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၁၉-၂-၂၀၂၀ ) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲလွန်းဝါသေး (၁၀၀၀/-)၊ ၊ ပဲစဉ်းငုံ(ဟောင်း) (၅၀၀/-) ကျပ် စျေးတက်ပြီး ကုလားပဲ (929) ( ၁၆၀၀/- )၊ ကုလားပဲ (HL) ( ၁၈၀၀/- )၊ ကုလားပဲသေး(၁၅၀၀/-)၊ ပဲကြီးမဲ (၅၀၀/-) ၊ ပဲထောပတ်(၁၆၀၀/-) ၊ပဲစဉ်းငုံ (သစ်) (၅၀၀/-) မတ်ပဲ (၁၀၀၀/-) ကျပ် စျေးကျကာ ကျန်ပဲမျိုးစုံစျေး များ အပြောင်း အလဲမရှိဘဲ အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့််ယခင်( ၁၉-၂-၂၀၂၀ )ရက်စျေးနှုန်းထက် မြေပဲလုံးဆံနီ(လိုင်း)(၁၀၀/-) ကျပ်စျေးတက်ကာ မြေပဲလုံးဆံဖြူ(လိုင်း)၊ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး) မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ ( ၁၉.၂.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါကစားအုန်းဆီ၊ နှမ်းဆီ၊ မြေပဲဆီ၊အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။
ဆန်
မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၁၉.၂.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်၊ ပေါ်ဆန်းမွှေးဖျာပုံ၊ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။
ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ပခုက္ကူ ကုန်စည်ဒိုင်တွင် ယခင် ( ၁၉-၂-၂၀၂၀ ) ရက် စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက စွန်တာနီကျွန်းသစ်(၂၀၀/-)၊ပဲဇီးကွက်(၂၀၀/-)၊ စီပီပြောင်း(၂၀၀/-)ကျပ် စျေးတက်ပြီး ပဲစဉ်းငုံ 2020(၆၀၀/-) ၊ ကုလားပဲ (929)(၁၀၀၀/-)ကျပ်စျေးကျကာကျန်ပဲမျိုးစုံနှင့်နှမ်းစျေးများ အပြောင်း အလဲမရှိဘဲနှမ်း(၃၀၀)အိတ်နှင့် ပဲမျိုးစုံ(၇၁၀)အိတ် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။
ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ရေစကြို ကုန်စည်ဒိုင်တွင် ယခင် ( ၁၉-၂-၂၀၂၀ ) ရက် စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက စီပီပြောင်း(၂၀၀/-) ကျပ် စျေးတက်ပြီး စားအုန်းဆီ(၂၀/-) ၊ ကုလားပဲ (HL)(၈၀၀/-) ကုလားပဲ (929)(၁၀၀၀/-) ၊ကုလားပဲ (V2)(၅၀၀/-) ကျပ်စျေးကျကာ ကျန်ပဲမျိုးစုံနှင့်နှမ်းစျေးများ အပြောင်း အလဲမရှိဘဲ စီပီပြောင်း(၁၀၀၀)အိတ် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။